Monday, December 30, 2013

0 comments

ရန်ကုန်စည်ပင် စက်ယာ၃်ဌာနမှူး ဉီးအောင်စိုး ဗိုလ်မှူးငြိမ်း ရဲ့စိမ်ခေါ်သတင်း
၂၆၊၁၂၊၁၃  ရက်နေ့က ဒါဘါလုပ်တယ်တဲ့
ဒါဘါ မှာ ဌာနက ကျား၊မ ဝန်ထမ်းတွေကို ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်းသိရှိရပါတယ်
အကြောင်းကတေါ့  ဆက်ကြေးတောင်းနေကြောင်း တိုင်ကြားခံရလို့ ပါတဲ့
သူကလက်အောက်ဝန်ထမ်းတွေကို လက်ညှိုးထိုးပြီး
မင်းတို့ငါ့ကိုဆက်ကြေး ပေးနေရတယ်ဆိုရင် မင်းတို့ကရော ဘါတွေနဲ့ပေးနေတာလဲ     ဆိုပြီးပြန်ဆွဲထည့်  ခဲ့ကြောင်းပါတဲ့ဗျာ
ပြီးတော့   လက်အောက်ဝန်ထမ်းတွေက  သူ့ကို လက်မှတ်ထိုးပေးပါဆိုလို့ ထိုးပေးရကြောင်းနဲ့ ကောင်းတော့မင်းတို့  ညောင်းတော့  ငါ့လက်ဆိုပြီး  လွှဲချပြန်သေးသတဲ့
ဒါ့အပြင် ယခင်ဌာနမှူး ဉီးမင်းလွင်ကဘယ်လို  စီမံဌာနမှူးဉီးလင်းထွန်းမြင့်ကဘယ်လို  ဆိုပြီးပုတ်ခတ်ခဲ့တဲ့  အကြောင်းလဲပါ  နေသေးသတဲ့ဗျာ
အဆိုးဆုံးကတော့   မင်းတို့အားလုံးကို   လီးဘဲထင်တယ်   ဆိုတဲ့   မိန်းမဝန်ထမ်းတွေအပါအဝင်  ခြိမ်းချောက်ဆဲဆိုတဲ့အကြောင်းပါဘဲတဲ့
ခေတ်ပြောင်းနေတာမသိလို့ဘဲလား  နောက်ကြောင်းပြန်ချင်နေတာလား  စ၃်းစားစရာပါဘဲ
သူ့ကိုယ်သူလဲ  ကိုယ်ရည်သွေးပြီး  အကြီးအကဲတွေက  ငါ့ကို  စောင့်ရှောက်ကြောင်း  နဲ့   ငယ်သားတွေကိုတော့   ခွေးလှေးခုန်ဖုန်မထကြောင်း  မိုက်ရိုင်းစွာပြောခဲ့  ကြောင်းလဲ
ကိုယ်တိုင်ခံစားရသူတစ်ယောက်ကပြောပြလို့  ကြားခဲ့ရပါတယ်
ဒီအပြင်  သူ့မိသားစု ကိစ္စ  တွေကိုလဲဖေါ်ထုတ်သွားတယ်တဲ့
တကယ်တော့  ကြွားဝါမောက်မာမယ်ဆိုလဲ  မာနှိုင်မှာပေါ့
ရန်ကုန်တိုင်း  ဝန်ကြီးချုပ်  ၃ီးမြင့်ဆွေကို  အမပေးပြီး  ယောက်ဖတော်ထားတယ်လို့လဲ  နောက်ဆုံးသတင်းအရ  သိရှိရကြောင်းပါဗျာ
နောက်ထပ်သတင်းတွေ  ရရင်  ထပ်တင်ပေးပါအုံးမယ်

Wednesday, December 25, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတားအဆီးဖြစ်သည်ဆိုသည့် ပုဒ်မ မပြင်ရန် အကြံပြုစာ ၅၀,၀၀၀ ကျော် ရရှိထား

0 comments
နန်းမြင့်|ဒီဇင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၃ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အဟန့်အတားဖြစ်နေသည့် ပုဒ်မ ၅၉(စ) အပါအ၀င် ပုဒ်မ ခုနစ်ခု ကို မပြင်လိုကြောင်း ပြည်သူများ၏ အကြံပြုစာ ငါးသောင်းကျော် လက်ခံရရှိထားသည်ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောသည်။

“ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂(ခ)၊ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၄၆ အဲဒါတွေကိုမပြင် ဘဲ ဒီအတိုင်းဆက်ပြီးထားပါလို့ အကြံပြုစာ ငါးသောင်းကျော် ရောက်နေပါပြီ။ ပြည်သူ့လွှတ်တော် ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု လေ့လာစိစစ်ရေးကော်မတီကို ပို့ထားတာပါ။ ဒီအကြံပြုစာတွေအပြင် တောင်ဥက္ကလာမှာ ဆွေးနွေးချက်တွေရော၊ ရန်ကုန်တိုင်းမှာ ဆွေးနွေးချက်တွေကိုစုပြီး ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေးကော်မတီကို ဒီဇင်ဘာလ ၃၀ ရက်မတိုင်မီ ပို့မယ်”ဟု ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါရှိမည့် ပုဒ်မများဖြစ်သည့် ပုဒ်မ-၆(စ)၊ ပုဒ်မ ၄၂(ခ)၊ ပုဒ်မ-၅၉(စ)၊ ပုဒ်မ-၃၃၇၊ ပုဒ်မ-၃၃၈၊ ပုဒ်မ-၄၃၆ နှင့် ပုဒ်မ-၄၄၆ တို့ကို မပြင်ရန် အကြံပြုစာများကို လက် ခံရရှိထားခြင်း ဖြစ်သည်။

ပုဒ်မ ၆(စ) အဓိပ္ပာယ်ဖွင့်ဆိုချက် “နိုင်ငံ၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”ဟူသည့် အချက်ကို မပြင်လိုကြောင်း ပြည်သူအချို့က အကြံပြုထားသည်ဟု ဆိုသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြီးပြည့်စုံတာမဟုတ်ဘူးဆိုတာ လက်ခံတယ်။ အခါအားလျော် စွာ လိုက်လျော်ညီထွေတဲ့ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး သင့်လျော်သလို ပြောင်းလဲတယ်။ ပြင်သင့် တဲ့အချက်တွေ ပြင်ရမယ်။ ပြင်ဖို့အတွက် သူ့ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ နိုင်ငံတစ်နိုင်ငံမှာ ပြဋ္ဌာန်းပြီးရင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အဲဒီဥပဒေကို လိုက်နာရမှာပဲ။ ဒီမိုကရေစီလမ်းကြောင်းနဲ့ မကိုက်ညီတဲ့ အချက်တွေ အချက် ၉၀ လောက် ပါတယ်”ဟု ပြောသည်။

ထို့အပြင် ပြည်သူ့ခေတ်ဂျာနယ်၏ အကြံပေး စာရေးဆရာဖေမြင့်ကလည်း “နိုင်ငံတော်၏ အမျိုးသားနိုင်ငံ ရေးတွင် တပ်မတော်က အစဉ်ဦးတည်သည်ဆိုသည့် အချက်ကို ပြင်ဆင်ရန်လို”ဟု ဒီဇင်ဘာ၂၄ ရက်က မရမ်းကုန်းမြို့နယ်ရှိ သမိုင်း မြို့မကျောင်းတိုက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည် သူ့ကွန်ရက် လူထုတွေ့ဆုံပွဲတွင် ထောက်ပြ ပြောဆိုသည်။ 

ပုဒ်မ ၅၉(စ)တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထို တရားဝင်တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ် ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်း ကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားသော အခွင့်အလမ်းများနှင့် ကျေးဇူးခံစား ခွင့်ရှိသူများ မဖြစ်စေရ”ဟူသည့် အချက်နှင့်ပတ်သက်၍လည်း နိုင်ငံတကာနှင့် ပြည်တွင်း နိုင်ငံရေးအင် အားစုအချို့က ပြင်ပေးရန် တောင်းဆိုထားသည်။

ဥရောပသမဂ္ဂအဖွဲ့ကလည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် အဆိုပါအချက်ကို ပြင်ဆင်ရန် မြန်မာအစိုးရသို့ မကြာမီရက်ပိုင်းအတွင်းက တွန်းအားပေးထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉဏ်ဝင်းက “ကျွန်တော်တို့တွေ့ရှိချက်နဲ့ အမြင် တွေကို ပူးပေါင်းပြီး ပြင်မယ်။ ဘယ်ပုဒ်မတွေ ပါတယ်ဆိုတာမျိုးက သူတို့လည်း မသိသလို၊ ကျွန်တော်တို့ လည်း မသိပါဘူး။ ပြင်ပြီးလို့ ပြောသင့်ချိန် ပြောမယ်”ဟု ပြောသည်။

ပုဒ်မ ၄၂(ခ)တွင် “နိုင်ငံတော်အတွင်း မည့်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု”ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၃၇ တွင် “တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက် ကိုင်တပ်ဖွဲ့ဖြစ်သည်”ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၃၈ တွင် “နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အ စည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်”ဟူ၍လည်းကောင်း၊ ပုဒ်မ ၄၃၆- ဤဖွဲ့ စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀မှ ၄၃၂ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ ပုဒ်မ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်း ချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင် နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်”ဟူ၍လည်းကောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၅ ရက်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ အကြံပြုစာ ၂၅၁၂ စောင် ရောက်ရှိနေပြီး အခန်း(၁)အတွက် ၅၉၀ ခု၊ အခန်း(၂)အတွက် ၃၆ ခု၊ အခန်း (၃)အတွက် ၂၆၁ ခု၊ အခန်း(၄) ၃၀၉ ခု၊ အခန်း(၅) ၄၃၈ ခု၊ အခန်း(၆) ၁၇၉ ခု၊ အခန်း(၇) ၂၈ ခု၊ အခန်း(၈) ၁၂၀ ခု၊ အခန်း (၉) ၄၉ ခု၊ အခန်း(၁၀) ၂၀ ခု၊ အခန်း(၁၁)အတွက် ၈၃၊ အခန်း(၁၂)အတွက် ၂၁၈၊ အခန်း(၁၃) အတွက် ၁၁ ခု၊ အခန်း(၁၄) ၂၂ ခု၊ အခန်း(၁၅) ၁၂ ခု၊ ဇယား(၁)တွင် ၅၉ ခု၊ ဇယား(၂) ၄၅ ခု၊ ဇဟား (၃) ၁၀ ခု၊ ဇယား(၄)တစ်ခုနှင့် ဇယား (၅) ၂၀ တို့ ပြင်ရန် အကြံပြုထားသည်။

မဇ္ဇျိမ

Fwd: စွမ်းအင်ဝန်ကြီးနှင့်ဌာနဆိုင်ရာလူကြီးမင်းများသိစေအပ်ပါသည်

0 comments


---------- Forwarded message ----------
From: phonenay la <phonenayla35@gmail.com>
Date: 2013/12/26
Subject: Re: စွမ်းအင်ဝန်ကြီးနှင့်ဌာနဆိုင်ရာလူကြီးမင်းများသိစေအပ်ပါသည်
To: hwhforandroid@gmail.com





2013/12/26 phonenay la <phonenayla35@gmail.com>
မြန်အောင်မြို့နယ်၊ရွှေပြည်သာရေနံမြေတွင်EICဦးအောင်မြင့်အားဝန်ထမ်းများမှနည်းမျိုးစုံဖြင့် တိုင်ကြားမှုကြောင့်ဦးသိန်းဦးနှင့်အဖွဲ့လာရောက်စစ်ဆေးခဲ့ပါသည်။
သို့.့ပေမဲ့စစ်ဆေးသည့်အဖွဲ့နှင့်အထက်လူကြီးများအား(သူ့ စကားအတိုင်းပြေရလျင်)
ခါးပိုက်ထဲထည့်ထားနိုင်သောကြောင့်ယခုအချိန်ထိအရေးယူမှူမရှိခဲ့ပါ။
ဒါကြောင့်ဝန်ထမ်းများအပေါ်ဖိနှိပ်မှုအနည်းငယ်လျော့ခဲ့သော်လဲဝန်ထမ်းများအား
ရက်ပျက်ချမှု၊အဂတိလိုက်စားမှုများဆက်လက်ကျူးလွန်နေပါသည်။
နိုဝင်ဘာလထဲ့တွင်း၁၀ကြိမ်(RSBVအပါအ၀င်)ပြုပြင်ရာတွင်၂ ကြိမ်
သာပြုပြင်ခဲ့ပြီး၈ကြိမ်ကိုဆီထုတ်ရောင်းစားခဲ့ပါသည်။ဆီထုတ်ထားသောဂါလံအရေအတွက်
စတိုတွင်သွားစစ်ဆေးနိုင်ပါသည်။တွင်းပြင်ကားများဆေးအသစ်ပြန်သုတ်နေချိန်ရက်များတွင်
ပင်တွင်းပြင်ကားမပါပဲဘောပင်ဖြင့်ရေနံအထွက်တိုးအောင်စွမ်းဆောင်နိုင်သော
ဦးအောင်မြင့်အားလူကြီးမင်းများမှမှတ်တမ်းတင်ဂုဏ်ပြုသင့်ပါကြောင်းတင်ပြအပ်ပါသည်။                                                                                                                                                                                              တာဝန်သိပြည်သူတဦး 
                                                                                   ရွှေပြည်သာရေနံ့မြေ




အရာရှိဆိုးများ၏နှိက်စက်မှုကိုမခံနိုင်သည်ံ့အတွက်တင်ပြခြင်းပါ၊အမည်ကိုသတင်းတွင်မဖော်ပြရန်တောင်းပန်ပါသည်
                                                                             ဦးဝင်းဇော်
                                                                            တွင်းပြင်လုပ်သား
                                                                             ထုတ်လုပ်ရေးဌာန
                                                                             ရွှေပြည်သာရေနံမြေ
                                                                             ၀၉၄၂၂၅၀၂၁၄၂  


Monday, December 23, 2013

(တိုင်စာ) သမတရုံး

0 comments

တိုင်းပြည်နှင့်ဘာသာသာသနာအတွက် ရန်သူတော်ကြီး(၂)ယောက်ကိုအရေးယူပေးပါရန်

ရန်ကုန်းတိုင်းဒေသကြီး တောင်ဥက္ကလာပမြို့ ၁၃ ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်နှင့်၁၃ရပ်ကွက် အောင်မြေလူထုဓမ္မာရုံဥက္ကဌဦးသန်း
ဝင်းတို့နှစ်ဦးသည်ရပ်ကွက်အတွင်းတွင် မြန်မာနိုင်ငံ
လုံးဆိုင်ရာနယ်စပ်နှင့်တောင်တန်းဒေသ ထေရ၀ါဒဗုဒ္ဓဘာသာသာသနာ့နုဂ္ဂဟအသင်းမှကြီးမှူးပြု
လုပ်သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများနှင့်အဘိဓမ္မာဋီကာဝိသုဒ္ဓိသင်တန်းများဖွင့်လှစ်
သင်ကြားပေးရာတွင်  အောင်မြေလူထုဓမ္မာရုံ ဥက္ကဌ ဦးသန်းဝင်းသည်ဓမ္မာရုံ၌သင်တန်းဖွင့်လှစ်
သင်ကြားရန် နေရာပေးလိုသည့် ဆန္ဒမရှိခြင်း ထိုသို့သောကိစ္စရပ်များသည် အလုပ်ရှုပ်ကြောင်း အမှိုက်ရှုပ်ကြောင်း မီတာခကုန်ကြောင်း စသည့်အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်ပြီး မတတ်သာ၍လုပ်ခွင့်ပြုသော်လည်း ၀ိုင်းဝန်းကူညီမှုမရှိခြင်းသင်တန်းလာရောက်တက်ကြသော ကလေ/လူကြီးသင်တန်းသူသင်တန်းသားများကိုမခြေမငံဆက်ဆံပြောဆိုခြင်း
များပြုလုပ်ဆောင်ရွက်နေကြပါသည်
ကြပါသည် ။

    ၁၃ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်သည်လည်း ရပ်ကွက်အတွင်း သင်တန်း
များ ပြုလုပ်ခွင့်တောင်းခံသည့်အခါ အကြောင်းအမျိုးမျိုးပြကာ လုပ်ခွင့်မပေးလိုကြောင်း အမူအယာများပြသပြောဆိုတတ်ပါသည် ၊ မတတ်သာ မလွဲမရှောင်သာ၍ လုပ်ခွင့်ပေးသော်လည်း လုံးဝအကူအညီမပေးခြင်း စည်းရုံးပေးမှုမရှိခြင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး
အနေဖြင့် အခမ်းအနားဖွင့်ပွဲပိတ်များတွင် တလေးတစားဖိတ်ကြားပါသော်လည်း တက်ရောက်မှုမရှိခြင်း ကိုယ်နှင့်မဆိုင်သလိုနေခြင်းလိုအပ်သည်များကို အကူအညီတောင်းသော်လည်း လုံးဝမပေးခြင်းပြုလုပ်နေကြပါသည် ။

   သို့ပါ၍ မြန်မာနိုင်ငံအတွက် နောင်အနာဂါတ်တွင် ကောင်းမွန်သော ယဉ်ကျေးလိမ္မာသောလူ
ငယ်များပေါ်ထွန်းစေရန်အမျိုးဘာသာသာသနာကိုစောင့်ရှောက်ကာကွယ်ထိန်းသိမ်းနိုင်ကြစေရန်
လူငယ်လူရွယ်များနှင့် လူကြီးသူမများကို ယဉ်ကျေးလိမ္မာသင်တန်းများနှင့် အဘိဓမ္မာ ဋီကာ ၀ိသုဒ္ဓိ သင်တန်းများကို စိတ်ရင်းစေတနာအပြည့်ဖြင့် ကိုယ်စားရိတ်ကိုယ်စားပြီး သင်ကြားပြသပေးကြပါကုန်သောရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို အထက်ပါပုဂ္ဂိုလ်နှစ်ဦးမှ တလေးတစားဆက်ဆံပြောဆို၍
အမျိုးဘာသာသာသနာအတွက် ၀ိုင်းဝန်းကူညီ စည်းရုံးစောင့်ရှောက်ပေးနိုင်ကြစေရန် လိုအပ်နေပါကြောင်း သက်ဆိုင်ရာများ သို့အသိပေးအကြောင်းကြားအပ်ပါသည် ။

အမျိုးဘာသာချစ်သူ
ရန်ကုန်တိုင်းဒေသကြီး

(တိုင်စာ) သမတရုံး

0 comments

အမျိုးဘာသာ သာသနာနှင့်တိုင်းပြည်အတွက် ရန်သူတော်ကြီးနှစ်ယောက်

ရန်ကုန်းတိုင်းဒေသကြီး တောင်ဥက္ကလာပမြို့ ၁၃ ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်နှင့်၁၃ရပ်ကွက် အောင်မြေလူထုဓမ္မာရုံဥက္ကဌဦးသန်း
ဝင်းတို့နှစ်ဦးသည်ရပ်ကွက်အတွင်းတွင် မြန်မာနိုင်ငံ
လုံးဆိုင်ရာနယ်စပ်နှင့်တောင်တန်းဒေသ ထေရ၀ါဒဗုဒ္ဓဘာသာသာသနာ့နုဂ္ဂဟအသင်းမှကြီးမှူးပြု
လုပ်သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများနှင့်အဘိဓမ္မာဋီကာဝိသုဒ္ဓိသင်တန်းများဖွင့်လှစ်
သင်ကြားပေးရာတွင်  အောင်မြေလူထုဓမ္မာရုံ ဥက္ကဌ ဦးသန်းဝင်းသည်ဓမ္မာရုံ၌သင်တန်းဖွင့်လှစ်
သင်ကြားရန် နေရာပေးလိုသည့် ဆန္ဒမရှိခြင်း ထိုသို့သောကိစ္စရပ်များသည် အလုပ်ရှုပ်ကြောင်း အမှိုက်ရှုပ်ကြောင်း မီတာခကုန်ကြောင်း စသည့်အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်ပြီး မတတ်သာ၍လုပ်ခွင့်ပြုသော်လည်း ၀ိုင်းဝန်းကူညီမှုမရှိခြင်းသင်တန်းလာရောက်တက်ကြသော ကလေ/လူကြီးသင်တန်းသူသင်တန်းသားများကိုမခြေမငံဆက်ဆံပြောဆိုခြင်းများပြုလုပ်ဆောင်ရွက်နေကြပါသည်
ကြပါသည် ။

    ၁၃ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်သည်လည်း ရပ်ကွက်အတွင်း သင်တန်း
များ ပြုလုပ်ခွင့်တောင်းခံသည့်အခါ အကြောင်းအမျိုးမျိုးပြကာ လုပ်ခွင့်မပေးလိုကြောင်း အမူအယာများပြသပြောဆိုတတ်ပါသည် ၊ မတတ်သာ မလွဲမရှောင်သာ၍ လုပ်ခွင့်ပေးသော်လည်း လုံးဝအကူအညီမပေးခြင်း စည်းရုံးပေးမှုမရှိခြင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး
အနေဖြင့် အခမ်းအနားဖွင့်ပွဲပိတ်များတွင် တလေးတစားဖိတ်ကြားပါသော်လည်း တက်ရောက်မှုမရှိခြင်း ကိုယ်နှင့်မဆိုင်သလိုနေခြင်းလိုအပ်သည်များကို အကူအညီတောင်းသော်လည်း လုံးဝမပေးခြင်းပြုလုပ်နေကြပါသည် ။

   သို့ပါ၍ မြန်မာနိုင်ငံအတွက် နောင်အနာဂါတ်တွင် ကောင်းမွန်သော ယဉ်ကျေးလိမ္မာသောလူ
ငယ်များပေါ်ထွန်းစေရန်အမျိုးဘာသာသာသနာကိုစောင့်ရှောက်ကာကွယ်ထိန်းသိမ်းနိုင်ကြစေရန်
လူငယ်လူရွယ်များနှင့် လူကြီးသူမများကို ယဉ်ကျေးလိမ္မာသင်တန်းများနှင့် အဘိဓမ္မာ ဋီကာ ၀ိသုဒ္ဓိ သင်တန်းများကို စိတ်ရင်းစေတနာအပြည့်ဖြင့် ကိုယ်စားရိတ်ကိုယ်စားပြီး သင်ကြားပြသပေးကြပါကုန်သောရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို အထက်ပါပုဂ္ဂိုလ်နှစ်ဦးမှ တလေးတစားဆက်ဆံပြောဆို၍
အမျိုးဘာသာသာသနာအတွက် ၀ိုင်းဝန်းကူညီ စည်းရုံးစောင့်ရှောက်ပေးနိုင်ကြစေရန် လိုအပ်နေပါကြောင်း သက်ဆိုင်ရာများ သို့အသိပေးအကြောင်းကြားအပ်ပါသည် ။

Wednesday, December 11, 2013

1 comments

အကြောင်းအရာ။သခိုးကြီးအောင်စိုးနဲ့ခိုးသားငါးရာသောင်းကျန်းနေခြင်း
                                                                      
ရန်ကုန်စည်ပင်သာယာစက်ယဉ်ဌာနမူးအောင်စိုးသည်ငယ်သား   များကိုအာဏာနဲ့ခိုင်းစေပြီးပြည်သူ့
ငွေတွေခိုးယူနေပါတယ်     
                                            

၁။ယဉ်မသုံးဘဲဆီစာရင်းပြရောင်းချငွေယူခြင်း  

၂။ယန္တယားတွေကိုပြင်ပမှာငွေနဲ့ငှား ရမ်းစီးပွားရှာခြင်း 
                                                                          
၃။ဆီပန့်တွေကိုအမှတ်ခိုးပိုဆီရောင်းခွဲယူခြင်း                                          
၎။မပျက်တဲ့ယဉ်တွေအပြင်ပြငွေယူခြင်း                               
၅။ပြင်တဲ့စာရင်းပိုပြပြီးငွေဘုံးခြင်း  

၆။ဝင်းဟောင်းထဲကSKT  အဆောက်ဉီးကိုသီးခြားရောင်းချအလွဲသုံးခြင်း      

၇။ငယ်သားတာဝန်ခံတွေဆီကမြို့တေါ်ဝန်ပေးဘို့သီးခြားငွေတောင်းခြင်း
ှီ်
၈။အချိန်မှီ မ  ပြင်ရင်တော့အသေးစိပ်ရေးတင်လိုက်ပါမယ်

မြို့တော်ဝန်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သိရှိစေလိုပါတယ်

Monday, December 2, 2013

မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်

0 comments
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းပြီး ဦးသိန်းစိန်
သမ္မတတာဝန်ယူ၍ တိုင်းပြည် တာန်ဝန် အရပ်ရပ်ကို ဦးစီးဆောင်ရွက်ခဲ့ရာမှာ
ဘက်ပေါင်းစုံကအောင်မြင်လျက်ရှိသည်။ ဒီမိုကရေစီဖြစ်ထွန်းရေး မှာလည်း
ထိရောက်၍ အရှိန်ရလျက်ရှိသည်။ ပြည်တွင်းမှာလည်း ပြုပြင်ပြောင်းလဲ
ဆောင်ရွက် ခဲ့သည်များလည်း အားရစရာဖြစ်သည်။ ပြည်တွင်းမှာ ပြည်သူအများစုက
သမ္မတကြီးကို လေးစား ကြည်ညိုလျက်ရှိကြောင်း ကြားသိရသည်။
ငြိမ်းချမ်းရေးဆောင်ရွက်မှု စီးပွားရေးတိုးတက်အောင် လုပ်နေမှုများ ကြားသိရ၍
ကျွန်တော်အပါအ၀င် ရှမ်းပြည်မြောက်ပိုင်းသား များက ကြိုဆိုကြ ပါသည်။
ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်နေပြီး အကူအညီရရှိကြောင်း
တီဗွီနှင့် မိန့်ခွန်းများ မှ သိရှိရသည်။ တိုင်းပြည်ကြီးတိုးတက်အောင်၊
ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးအောင် လုပ်ပေးမည့် ခေါင်းဆော
င်ကောင်းတစ်ဦးတော့ ပေါ်ထွက်လာပြီဟု ရှမ်းတိုင်းရင်းသားအချို့က
ပြောနေကြပါသည်။

ရှမ်းပြည်နယ်ကြီးအတွက်လည်း သမ္မတကြီးက ကျောသားရင်သားမခွဲခြားပဲ
ဖွံ့ဖြိုးတိုးတက်အောင် စီမံနေကြောင်းကြားသိရ၍ ပိုပြီးဝမ်းသာပါသည်။
ရှမ်းပြည်နယ် စီပွားတိုးတက်အောင်၊ လမ်းပမ်းဆက်သွယ်ရေး ကောင်းစေဖို့၊
စက်မှုဇုန်တွေဖြစ်ပေါ်စေဖို့ စီမံနေကြောင်း ဒုသမ္မတ
ဦးစိုင်းမောက်ခမ်းပြောပြ၍ ၀မ်းသာရသည်။ အထူးသဖြင့် မူဆယ်ဒေသမှာ
စက်မှုဇုန်တစ်ခုလုပ်ပေးမည် ကြားရ၍ ကျွန်တော် မူဆယ်သားက
ဝမ်းသာကြိုဆိုမိပါသည်။

သို့ရာတွင် မကြာသေးမီက ရှမ်းပြည်နယ်တစ်လွှား ခြေဆန့်လာသော သမ္မတရုံးဝန်ကြီး
ဦးစိုးသိန်းမှ အစည်းအဝေးတစ်ခုတွင် သူသည်
တိုင်းပြည်စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နေသူဖြစ်ကြောင်း၊
စီးပွားရေးတိုးတက်အောင် ကျွန်တော်လုပ်မှာဖြစ်ကြောင်းပြော၍
ကျွန်တော်တို့ကို ချမ်းသာအောင် လုပ်ပေးမည့်ဝန်ကြီးတော့ ရောက်လာပြီဟု
ယူဆခဲ့သည်။ မူဆယ်ဒေသမှာပြုလုပ်မည့် စက်မှုဇုန်ကို တာဝန်ယူမည့်
ပုဂ္ဂိုလ်အမည်ကိုဖော်ညွှန်းပြီး မတော်မတရားရှုံ့ချပြောဆိုကာ
တာဝန်မပေးသင့်ကြောင်း လူသိရှင်ကြားပြောပါသည်။ ကျွန်တော်ဟာ
လုပ်ငန်းရှင်မဟုတ်ပါ၊ လုပ်ငန်းရှင်များနှင့်လည်း မသိပါ။ သို့သော်
ရှမ်းပြည်နယ်ကို စက်မှုဇုန်များလုပ်ပေးမည်ဆို၍ စိတ်ဝင်စားသည်။
ဆောင်ရွက်ပေးမည့် ကုမ္ပဏီက ICE ဆိုလား၊ IBE ဆိုလား ကျွန်တော်မသဲကွဲပါ။
ကုမ္ပဏီပိုင်ရှင်နာမည်ကိုလည်း ထုတ်ဖော်ပြောပါသည်။ ထိုကုမ္ပဏီသည်
အလကားကုမ္ပဏီ ဘာမှမလုပ်တတ်သော ကုမ္ပဏီ၊ ကုမ္ပဏီပိုင်ရှင်ကလည်း
ပွဲစားအကြီးစားဖြစ်ကြောင်း၊ ဘာမှလည်း မလုပ်တတ်ပဲ ဟိုရှာ ဒီရှာ ရှာပြီး
ပွဲစားသက်သက်လုပ်သူဖြစ်ကြောင်း လူကြားသူကြားတွင် ပစ်ပစ်နှစ်နှစ်
ပြောပါသည်။ တစ်ခါမှ ဦးစိုးသိန်းကိုမတွေ့ဘူးပါ။ တွေ့တွေ့ချင်း
သူ၏စကားကိုကြားရ၍ အံအားသင့်သွားသည်။ အပြင်ရောက်လာမှ
အစည်းအဝေးတက်သူများကို အချင်းချင်းပြန်မေးရာမှာ IGE ကုမ္ပဏီပိုင်ရှင်
ဦးနေအောင်ဖြစ်ကြောင်း၊ မူဆယ်မှာဖွင့်ထားတဲ့ အမရဘဏ်ပိုင်ရှင်ဖြစ်ကြောင်း
မသိဘူးလား လို့ ပြောကြသည့်အခါမှ အော်လို့ပဲ သက်ပြင်းချမိပါသည်။

ကျွန်တော်တို့ IGE လဲမသိပါ။ ဦးနေအောင်လဲမသိပါ၊ ကျွန်တော်တို့သိသည်မှာ
မူဆယ်ဒေသမှာ စက်မှုဇုန်တစ်ခုလုပ်ပေးမယ်ဆိုတာပဲသိသည်။
စက်မှုဇုန်ဖြစ်စေချင်သည်၊ ပေါ်ပေါက်စေချင်သည်။ ယခုလို
စီးပွားရေးဖွံ့ဖြိုးအောင်လုပ်ပေးမည်ဆိုသော ၀န်ကြီးဦးစိုးသိန်းက သမ္မတ၊
ဒုသမ္မတတို့ စီမံထားတာကို နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်နိုင်သည့်
အာဏာရှိကြောင်း ပြလိုက်ခြင်းသည်။ ရှမ်းပြည်မြောက်ပိုင်းသားတို့အတွက်
စက်မှုဇုန်ကြီးတစ်ခု ဆုံးရှုံးရမလိုဖြစ်သွားခဲ့သည်။ ထို့ကြောင့်
စဉ်းစားကြည့်ပါ။ သမ္မတရုံးဝန်ကြီး၊ စီးပွားရေးတာဝန်ခံဆိုသူက
ဤသို့ပြောသည်မှာ မအံ့သြဘဲ မနေနိုင်ပါ။ ရာထူးနှင့်တာဝန်အရ ပြောစကားမှာ
သင့်မြတ်မှုမရှိပါ။ အော် ``မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်´´၍
ရှမ်းပြည်မြောက်ပိုင်းသားတို့ စက်မှုဇုန်ကြီးရဖို့ ဝေးတော့မည်လား။



စိုင်းစံမိန်း

ရှမ်းပြည်နယ်မြောက်ပိုင်း