Sunday, June 30, 2013
Hello
0 comments
Hey my dear,
How are you and your family? I believe everything is good around you!It's nice having your address with the aid of my new search device. I'm just looking for better friendship and pen pals both women and men to share interest and lot more with. I love discussing all issues and learning other people's cultures and languages; and i just want to have a lot of good and lasting friends outside my country. You know that friends 're like clothing, and life is naked without one!
I'm Elizabeth Jennifer Moore by name; Am an American and resides here in New York. My city, Yonkers is such a wonderful place to behold (let me not bore you with my city's history for now lol)I work with a resettlement and visa processing assistance agency here in New York City.
I want to present myself from the best side! I am romantic and emotional, I expect all the good and interesting from my future and I am sure that I can create the future myself! You will get from life what you invest in it. I have my pure soul, kind heart and friendly character, so I hope to get just good things instead!
I like making friends across all divides, and I will be happy to have you as a very good friend from a different environment and cultural background. I like discussing everything, and traveling is part of me (my dream is to traverse the globe someday)
I strongly believe on friendship, and never missed making one whenever opportunities occur like this. I believe that friendship is part and parcel of one's life; Best friends are like diamonds, precious and rare. While money might make one wealthy, but friends make one rich.
Hey, I can't afford to hear you say "nope" to my request please! I will just cross my fingers and wait for your lovely response, and will be happy if you include more about yourself when replying.
I will be expecting your quick response.
Liz
Tuesday, June 25, 2013
Fwd: ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်အကြောင်း တင်ပြချင်း
0 comments
---------- Forwarded message ----------
From: whisper whisper <whisper021@gmail.com>
Date: 2013/6/26
Subject: ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်အကြောင်း တင်ပြချင်း
To: mmopenletter.send@blogger.com
            ကျွန်တော်အခုတင်ပြချင်တာကတော့ စက်မှုဝန်ကြီးဌာန၊ ယခင်စက်မှု(၁)၀န်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တာဝန်ဖြင့် စီမံ အုပ်ချုပ်နေသော အဘ ဦးစိုးလှိုင်ကို တင်ပြချင်ပါတယ်။ တင်ပြချင်တဲ့အကြောင်းအရင်း ကတော့ ပြည်နယ်နှင့်တိုင်း အားလုံးရဲ့ ၀န်ထမ်းအပြောင်းအရွှေ့ကိစလေးဘဲဖြစ်ပါတယ်။
             နိုင်ငံ့တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းဆိုတာ ရုံးစိုက်ရာ ပြည်နယ်နှင့်တိုင်း အားလုံးကို နီးသည် ဝေးသည် မဟူ ရုံးအမိန့်စာပါအတိုင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတာ ဓမ်မတာပါ။ သို့ပေမဲ့ ပြောင်းရွှေ့ရပြီဆိုကထဲက လွယ်ကူလှသည်တော့မဟုတ်။ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရပါပြီး ကျန်ရှိခဲ့သော မိသားစုစားဝတ်နေရေး၊ သွားရေးလာရေး အစစအရာရာတွေးနေရပြီး၊ တချို့ဝန်ထမ်းဆို တစ်နှစ်အတွင်းမှာတင် ပြည်နယ်နှင့်တိုင်း(၂)နေရာကို ပြောင်းရွှေ့ခံခဲ့ရသူတွေ ရှိပါတယ်။ ပြောင်းရွှေ့ခံရတဲ့ဝန်ထမ်းဟာ ကိုယ့်မိသားစုနှင့် အနီးအနား ပြည်နယ်နှင့်တိုင်း (သို့မဟုတ်) နေရာဒေသသို့ ပြန်လည်ပြောင်းရွှေ့ရတာဆိုရင်တော့ အတိုင်းထက်အလွန် ၀မ်းသာစရာဖြစ်ပြီး ရုံးစိုက်ရာဝေးလံသော ဒေသများသို့ ပြောင်းရွှေ့ရတာဆိုရင်တော့ ၀မ်းနည်းစရာပါ။ အရာထမ်းများ ပြောင်းရွှေ့ရသည်မှာ ပြသ၁ာနာအထွေအထူးမရှိပေမဲ့ လစာနည်းအမှုထမ်းများမှာတော့ အခက်အခဲမျိုးစုံနဲ့ပါ ရာထူးလိုချင်လို့ ရာထူးတက်ပြီးပြောင်းရတာက သူ့အကြောင်းနဲ့သူပါ။ ပြောင်းရွှေ့ရမှာကို ကြောက်ပြီး ရာထူးလဲမလိုချင်တော့ပါဘူးဟု လက်မှတ်ထိုး ထားတာတောင်  ပြောင်းရွှေ့ဖြစ်အောင် ပြောင်းလိုက်လို့ စိတ်မကောင်းတော့ ဖြစ်ခဲ့မိပါတယ်။ ကဲ အဲဒါတွေထားလိုက်ပါတော့ အဘ သိအောင် ပြောပြတာပါ။
              ဒု-ကြီးကြပ်ရေးမှူးမှ ဒုတိယညွှန်ကြားရေးမှူးအထိ အပြောင်းအရွှေ့လုပ်လိုက်ပါပြီတဲ့။ အငယ်တန်းစာရေး၊ အကြီးတန်းစာရေး၊ ကျွမ်းကျင် စတဲ့ သူတွေကတော့ အမှုထမ်းတွေ မဟုတ်တော့ဘူးလား။ သူတို့တွေကျတော့ အပြောင်းအရွှေ့ ဘာဖြစ်လို့မပါရတာလဲ။ နောက်တခု ပိုပြီးထူးတဲ့အချက်က အလုပ်စတင်ဝင်ရောက်ချိန်ကထဲက စ ၄င်းပြည်နယ်နှင့်တိုင်းရုံးစိုက်ရာတစ်ခုတည်းမှာပင် (၅)နှစ် မှ (၂၀)နှစ်ကြား အနေကြာ တာဝန်ထမ်းဆောင်ပြီး နေပြည်တော်ဆိုတာ ဘာမှန်းမသိ၊ အခြားသော ပြည်နယ်နှင့်တိုင်းဆိုတာ ဝေလာဝေး၊ ဘယ်မှမသွားဘူးတဲ့ အမှုထမ်း/အရာထမ်းတွေကျတော့ အဘ တစ်ယောက် မေ့များမေ့နေသလား။ တပည့်ရင်းတွေမို့ မမြင်ချင်အောင် ဆောင်နေသလားလို့တောင် ထင်မိပါတယ်။
              ဌာနတခုရဲ့ အကြီးအကဲတာဝန်ယူထားရသော ပုဂ္ဂိုလ်တစ်ဦးဟာ လစာနည်း အမှုထမ်း ကိုယ့်လက်အောက်ငယ်သားတွေကို သားသမီး၊ ညီ-ညီမသဖွယ် စောင့်ရှောက်သင့်တာ စောင့်ရှောက်ကူညီသင့်တာကူညီ မပြောင်းမရွှေ့သင့်တာ မပြောင်းမရွှေ့ဘဲနှင့်သော်လည်းကောင်း၊ ပြောင်းရွှေ့ပေးမှဖြစ်မည့် အရာထမ်း/အမှုထမ်းဆိုရင်လဲ သူ့အိုး၊ သူ့အိမ်၊ သူ့မိသားစုနှင့် နီးစပ်မဲ့ ရုံးစိုက်ရာဒေသတွေမှာသာ ပိုပြီး သင့်တော်မည်ထင်လို့ အဘ သိစေဘို့ (ပြောင်းရွှေ့မှုတွင် မပါဝင်သော) အမှုထမ်းတစ်ဦး၏  နောင်တချိန်တွင် ဖြစ်လာမည့် အရေးကို ကိုယ်ချင်းစာနာသဖြင့် ရင်မှဖြစ်တည်နေသော ခံစားချက်ကို တင်ပြလိုက်ရပါတယ်။
ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်အကြောင်း တင်ပြချင်း
0 comments
            ကျွန်တော်အခုတင်ပြချင်တာကတော့ စက်မှုဝန်ကြီးဌာန၊ ယခင်စက်မှု(၁)၀န်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တာဝန်ဖြင့် စီမံ အုပ်ချုပ်နေသော အဘ ဦးစိုးလှိုင်ကို တင်ပြချင်ပါတယ်။ တင်ပြချင်တဲ့အကြောင်းအရင်း ကတော့ ပြည်နယ်နှင့်တိုင်း အားလုံးရဲ့ ၀န်ထမ်းအပြောင်းအရွှေ့ကိစလေးဘဲဖြစ်ပါတယ်။
             နိုင်ငံ့တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းဆိုတာ ရုံးစိုက်ရာ ပြည်နယ်နှင့်တိုင်း အားလုံးကို နီးသည် ဝေးသည် မဟူ ရုံးအမိန့်စာပါအတိုင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတာ ဓမ်မတာပါ။ သို့ပေမဲ့ ပြောင်းရွှေ့ရပြီဆိုကထဲက လွယ်ကူလှသည်တော့မဟုတ်။ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရပါပြီး ကျန်ရှိခဲ့သော မိသားစုစားဝတ်နေရေး၊ သွားရေးလာရေး အစစအရာရာတွေးနေရပြီး၊ တချို့ဝန်ထမ်းဆို တစ်နှစ်အတွင်းမှာတင် ပြည်နယ်နှင့်တိုင်း(၂)နေရာကို ပြောင်းရွှေ့ခံခဲ့ရသူတွေ ရှိပါတယ်။ ပြောင်းရွှေ့ခံရတဲ့ဝန်ထမ်းဟာ ကိုယ့်မိသားစုနှင့် အနီးအနား ပြည်နယ်နှင့်တိုင်း (သို့မဟုတ်) နေရာဒေသသို့ ပြန်လည်ပြောင်းရွှေ့ရတာဆိုရင်တော့ အတိုင်းထက်အလွန် ၀မ်းသာစရာဖြစ်ပြီး ရုံးစိုက်ရာဝေးလံသော ဒေသများသို့ ပြောင်းရွှေ့ရတာဆိုရင်တော့ ၀မ်းနည်းစရာပါ။ အရာထမ်းများ ပြောင်းရွှေ့ရသည်မှာ ပြသ၁ာနာအထွေအထူးမရှိပေမဲ့ လစာနည်းအမှုထမ်းများမှာတော့ အခက်အခဲမျိုးစုံနဲ့ပါ ရာထူးလိုချင်လို့ ရာထူးတက်ပြီးပြောင်းရတာက သူ့အကြောင်းနဲ့သူပါ။ ပြောင်းရွှေ့ရမှာကို ကြောက်ပြီး ရာထူးလဲမလိုချင်တော့ပါဘူးဟု လက်မှတ်ထိုး ထားတာတောင်  ပြောင်းရွှေ့ဖြစ်အောင် ပြောင်းလိုက်လို့ စိတ်မကောင်းတော့ ဖြစ်ခဲ့မိပါတယ်။ ကဲ အဲဒါတွေထားလိုက်ပါတော့ အဘ သိအောင် ပြောပြတာပါ။
              ဒု-ကြီးကြပ်ရေးမှူးမှ ဒုတိယညွှန်ကြားရေးမှူးအထိ အပြောင်းအရွှေ့လုပ်လိုက်ပါပြီတဲ့။ အငယ်တန်းစာရေး၊ အကြီးတန်းစာရေး၊ ကျွမ်းကျင် စတဲ့ သူတွေကတော့ အမှုထမ်းတွေ မဟုတ်တော့ဘူးလား။ သူတို့တွေကျတော့ အပြောင်းအရွှေ့ ဘာဖြစ်လို့မပါရတာလဲ။ နောက်တခု ပိုပြီးထူးတဲ့အချက်က အလုပ်စတင်ဝင်ရောက်ချိန်ကထဲက စ ၄င်းပြည်နယ်နှင့်တိုင်းရုံးစိုက်ရာတစ်ခုတည်းမှာပင် (၅)နှစ် မှ (၂၀)နှစ်ကြား အနေကြာ တာဝန်ထမ်းဆောင်ပြီး နေပြည်တော်ဆိုတာ ဘာမှန်းမသိ၊ အခြားသော ပြည်နယ်နှင့်တိုင်းဆိုတာ ဝေလာဝေး၊ ဘယ်မှမသွားဘူးတဲ့ အမှုထမ်း/အရာထမ်းတွေကျတော့ အဘ တစ်ယောက် မေ့များမေ့နေသလား။ တပည့်ရင်းတွေမို့ မမြင်ချင်အောင် ဆောင်နေသလားလို့တောင် ထင်မိပါတယ်။
              ဌာနတခုရဲ့ အကြီးအကဲတာဝန်ယူထားရသော ပုဂ်ဂိုလ်တစ်ဦးဟာ လစာနည်း အမှုထမ်း ကိုယ့်လက်အောက်ငယ်သားတွေကို သားသမီး၊ ညီ-ညီမသဖွယ် စောင့်ရှောက်သင့်တာ စောင့်ရှောက်ကူညီသင့်တာကူညီ မပြောင်းမရွှေ့သင့်တာ မပြောင်းမရွှေ့ဘဲနှင့်သော်လည်းကောင်း၊ ပြောင်းရွှေ့ပေးမှဖြစ်မည့် အရာထမ်း/အမှုထမ်းဆိုရင်လဲ သူ့အိုး၊ သူ့အိမ်၊ သူ့မိသားစုနှင့် နီးစပ်မဲ့ ရုံးစိုက်ရာဒေသတွေမှာသာ ပိုပြီး သင့်တော်မည်ထင်လို့ အဘ သိစေဘို့ (ပြောင်းရွှေ့မှုတွင် မပါဝင်သော) အမှုထမ်းတစ်ဦး၏  နောင်တချိန်တွင် ဖြစ်လာမည့် အရေးကို ကိုယ်ချင်းစာနာသဖြင့် ရင်မှဖြစ်တည်နေသော ခံစားချက်ကို တင်ပြလိုက်ရပါတယ်။
Sunday, June 16, 2013
liongrandpapa@gmail.com has shared something with you
0 comments
ကြည့်လုပ်ကြပါဦး ပို့ဆောင်ရေးဝန်ကြီးဌာန ရေ
http://www.thithtoolwin.info/2013/06/blog-post_2223.html#.Ub3NKpu-its.email
--- This message was sent by liongrandpapa@gmail.com via http://addthis.com. Please note that AddThis does not verify email addresses.
To stop receiving any emails from AddThis, please visit: http://www.addthis.com/privacy/email-opt-out?e=qw7bdNlp03fafMJt02uYatN30lnUddl.0XzEN9V22w
Thursday, June 13, 2013
အယ်ဒီတာမှတဆင့် သမ္မတကြီးထံပေးစာ
0 comments
သို့ 
        ဦးသိန်းစိန်
        နိုင်ငံတော်သမ္မတ
        ပြည်ထောင်စုမ္မတမြန်မာနိုင်ငံတော်
အ‌ကြောင်းအရာ။   အရည်အချင်းရှိ အရာထမ်းများ ခန့်အပ်နိုင်ရေးကိစ္စ
သမ္မတကြီးခင်ဗျား
၁။     ပြည်ထောင်စုမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရကိုယ်စား အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ခံ ဆောင်ရွက်ပေးရပြီး  အချို့ ကိစ္စများတွင် ပြည်ပနိုင်ငံများ၊ အဖွဲ့ အစည်းများ နှင့် ဆက်ဆံဆောင်ရွက်ရသည့် ၀န်ကြီးဌာနတစ်ခုဖြစ်ပါသည်။
၂။     အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တာဝန်ခံ ဆောင်ရွက် ပေး ရာတွင်  ခရီးသွားပြည်သူများ၏ ဘေးအန္တရာယ်နှင့် ဆက်စပ်နေသည်ဖြစ်ရာ  ၀န်ကြီးဌာနအောက်ရှိ ဌာနခွဲများတွင် အရည်အချင်းပြည့်မီသော၊ ကျွမ်းကျင်မှုရှိသော သူများအား တာဝန်ပေးအပ်ထမ်းဆောင်စေမှသာလျှင် နိုင်ငံတော်သမ္မတကြီးမှ ဦးဆောင်၍ ဒီမိုကရစေီနိုင်ငံသစ်ဆီသို့  ချီတက်နေချိန်တွင် ပြည်သူဗဟိုပြု ၀န်ဆောင်မှုလုပ်ငန်းများ  ဆောင်ရွက်ရန်အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပအဖွဲ့  အစည်းများနှင့်လည်း သိက္ခာရှိစွာ ဆက်ဆံဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။
၃။     ရေကြောင်း/လေကြောင်းအန္တရာယ်များ ကြိမ်ဖန်များစွာ ဖြစ်ပေါ်နေသည့် အတွက်   ဝန်ကြီးဌာနအနေဖြင့် လက်အောက်ခံအဖွဲ့  အစည်းများရှိ သက်ဆိုင်ရာ ဌာနခွဲများအလိုက် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်နှင့်ဆက်စပ်နေသည့် ဌာနများတွင် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းများအတွက် သတ်မှတ်ထားသည့် သင်တန်းအောင်မြင်ပြီး အရည်အချင်းပြည့်မီသူများကိုသာ စီစစ်ရွေးချယ် ခန့်အပ် တာဝန်ပေးသင့်ပါသည်။
၎။     သို့ ဖြစ်ရာ  ပို့ ဆောင်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူဗဟိုပြု ၀န်ဆောင်မှု လုပ်ငန်းကိစ္စရပ်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်နှင့် ဆက်စပ်နေသည့် လက်အောက်ခံ ဌာနများတွင် တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့်  အမှန်တကယ် ကိုက်ညီသူများကိုသာ ရွေးချယ်/တိုးမြှင့် ခန့် အပ် တာဝန်ပေးသင့်ပါသဖြင့် သမ္မတကြီးမှ လမ်းညွှန် စီစစ်မှု ပြုလုပ်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။
                        ရိုသေလေးစားစွာဖြင့် -
                                                           ပို့ ဆောင်ရေးဝန်ကြီးဌာန
မိတ္တူကို -
သူရဦးရွှေမန်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ
ဦးခင်အောင်မြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဌ
ဦးဉာဏ်ထွန်းအောင်၊ ပြည်ထောင်စုဝန်ကြီး၊ ပို့ ဆောင်ရေးဝန်ကြီးဌာန
ဦးကျော်သူ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ
အယ်ဒီတာ မှတဆင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ ထံသို့  ပေးစာ
0 comments
-
     လေးစားရပါသောဥက္ကဌ ကြီးခင်ဗျား-
                      ( ၁. ၆ . ၂၀၁၃ ) နေ့ တွင်ကျင်းပခဲ့သော
အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းနှင့် စပ်လျင်းသည့်
ညှိနှိုင်းဆွေနွေးပွဲနှင့် ပတ်သက်၍တင်ပြလိုက်ပါသည်။
                                     ရှေးဦးစွာ
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းန
ှင့်ပတ်သက်တင်ပြလိုပါသည်။
မြန်မာနိုင်ငံသားအင်ဂျင်နီယာများသည် မြန်မာနိုင်ငံအစိုးရ
ဖွင့်လှစ်သင်ကြားပေးသော အင်ဂျင်နီယာကျောင်းများမှ
ပေါက်ဖွားလာသူများဖြစ်ပါသည်။  အထူးတလည် ထိုအသင်းသို့ ဝင်စရာမလိုပါ။
(  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသည် ပြည်ပနိုင်ငံ တစ်ခုခု
တွင်သာရှိသင့်သည့် အဖွဲ့ အစည်းဖြစ်ပါသည်။)စတင်ဖွဲ့ စည်းစဉ်ကလည်း
 အင်ဂျင်နီယာ များ၏ လူမှုရေး၊သာရေး၊နာရေးများ
အခွင့်အရေးများအတွက်ရည်ရွယ်၍  ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပါသည်။
(အင်ဂျင်နီယာလုပ်ငန်းများနှင့်ပတ်သက်၍လက်ရှိစည်ပင်သာယာဥပဒေများသည်လုံလောက်မှုရှိပါသည်။ကောင်စီဖွဲ
့၍ဥပဒေများထပ်မံထုတ်ပြန်ရန်
မလိုပါ။)နိုင်ငံသားပိုင်ဖြစ်စေ၊နိုင်ငံခြားသားပိုင်ဖြစ်စေ မည်သည့်ကုမ္မဏီ
အဖွဲ့ အစည်းတွင်မဆို အင်ဂျင်နီယာများသည် မိမိ၏ထမင်းအိုးနေရာ
တည်မြဲရေးအတွက် အစဉ်ကြိုးစား နေကြရပါသည်။ အရည်အသွေး၊ကိုယ်ကျင့်တရားနှင့်
ကြိုးစားမှုတို့ အရ အထက် နှင့် အောက် ဟူသည့်
သတ်မှတ်ချက်သည် အမြဲရှိနေမည်ဖြစ်ပါသည်။ အမျာနည်းတူ
မလေ့လာ၊မကြိုးစား၊ကိုယ်ကျင့်တရားညံ့ဖျင်းလျှင် မည်သည့်ဘွဲ့ ပင်ရပါစေ၊
အများတကာထက် နောက်ကျကျန်ရစ်မည်ဖြစ်ပါသည်။
               ဥပမာအားဖြင့် D.S.A ဗိုလ်သင်တန်းတွင် သင်ကြားခဲ့ရသော
ပညာများသည်အတူတူပင်ဖြစ်ပါသည်။ လုပ်ရည်ကိုင်ရည်၊ကိုယ်ကျင့်တရား
နှင့် ကြိုးစားမှု တို့ အရ ကွာခြားသွားခဲ့ကြရပါသည်။အဆင့်ဆင့်တွင်
ရာထူးမတက်ပဲကျန်ရစ်သူများ၊ အငြိမ်းစားပေးခံရသူများ၊အရပ်ဘက်သို့ ပြောင်း
ရွှေ့ ခံရသူများ၊ထုတ်ပယ်ခံရသူများ၊အရေးယူခံရသူများ စသည်ဖြင့် အမျိုးမျိုး
ရှိခဲ့ပါသည်။ ရာထူးအဆင့်တိုးမြှင့်ကာလ တစ်နှစ် အတွင်းတွင်လည်း
မိမိကိုယ်မိမိ မထိမ်းသိမ်းနိုင်မှု၊အခက်အခဲများ မဖြေရှင်းနိုင်မှု တို
့ကြောင့် ရာထူးအဆင့်မတက်ခဲ့သူများလည်းရှိပါသည်။ ကြိုးစားမှု
၊ကိုယ်ရည်ကိုယ်
သွေးမြင့်မားမှု၊အထက်လူကြီး၏ ယုံကြည်ကိုးစား ခံရမှုတို့ ကြောင့်
အခြားအဆင့်မှ အရာရှိဖြစ်ခဲ့ကြသူများလည်းများစွာရှိခဲ့ကြပါသည်။
တပ်မမှူးတိုင်း
၊တိုင်းမှူးမဖြစ်နိုင်ပါ။ခေါင်းဆောင်ကောင်း၏ သင်ပြမှု နှင့်
နောက်လိုက်ကောင်း၏အရည်အသွေးသည်သာ  အဓိကဖြစ်ပါသည်။ )
              ယခု မြန်မာနိုင်ငံတွင် အင်ဂျင်နီယာသင်တန်း
များစွာရှိပါသည်။ THS ,ETEC,EGTI,AGTI,B-Tech,BE.ME  စသည်အပြင်ဌာနတွင်း
သင်တန်း များစွာရှိပါသည်။မည်သည့်ဘွဲ့ ပင်ရရှိပါစေ၊
လုပ်ငန်းရှင်သည်သူအသုံးတည့်မည့်သူကိုသာ ခေါ်ယူသုံးစွဲမည်ဖြစ်ပါသည်။
              {  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသည် မိမိနိုင်ငံသားများ
အခြားသူများ၏လက်အောက်တွင် တာဝန်ထမ်းဆောင်လုပ်ကိုင်ကြရမည်
ဟူသော အကြောင်းပြချက်ဖြင့် ပြည်ပရင်းနှီးမြှုတ်နှံသူများထံမှ
ထမင်းရှာဖွေစားသောက်ခွင့်ကို BE ဘွဲ့ ရများသာ လုပ်ကိုင်စားသောက်ခွင့်ရရန်
စီမံကိန်းချ၍ ဆောင်ရွက်နေသော အဖွဲ့ အစည်းဖြစ်ပါသည်။ BE
ကျောင်းဆင်းတိုင်းအတွက်လည်းမဟုတ်ပါ။
ထို့ အပြင် နိုင်ငံတော် အုပ်ချုပ်သူလူကြီးများထံ ယုံကြည်လောက်အောင် အမျိုးမျိုး
တင်ပြ၍ အကာအကွယ်ယူကာ စည်းကမ်းဥပဒေများ ထုတ်ပါလိမ့်မည်။
မည်သည့်အစိုးရပင်တက်ပါစေ၊ တက်လာသည့်အစိုးရ၏ကျားကန်အဖွဲ့ 
အစည်းတစ်ခုဖြစ်လာစေရန် အကြောင်းပြ၍  သူတို့ ၏လုပ်ပိုင်ခွင့်
အကျိုးစီးပွားအတွက် ထိုအစိုးရကို အသုံးချပါလိမ့်မည်။သူတို့ ၏
ခွင့်ပြုချက်
ရမှသာ အလုပ်လုပ် ခွင့်ရှိသော Proffessional Engineer
ဟူသောလုပ်ကိုင်စားသောက်ခွင့်ကို ချုပ်ကိုင်ပါလိမ့်မည်။နိုင်ငံတော်မှ
ထုတ်ပေးထား
သော ထမင်းစားခွင့်အောင်လက်မှတ်ကို ထပ်မံချုပ်ကိုင်မည့် အဖွဲ့ အစည်းအား
မြန်မာနိုင်ငံသားအင်ဂျင်နီယာ များအားလုံး (လုံးဝ) မလိုလားပါ။
သူတစ်ပါး၏ ထမင်းရှာဖွေ စားသောက်ခွင့်သည် ချုပ်ကိုင်ကောင်းသော အရာမဟုတ်ပါ။ }
               ဘ၀ပေးအခြေအနေ အရ ပညာရေးအား ရောက်ရှိသည့်နေရာတွင်ရပ်တန်
့ကာ ၀မ်းစာရှာဖွေရင်း ထိုပညာကို ဆက်လက်လေ့လာ
ဆည်းပူးနေသူ များစွာရှိပါသည်။( ပြည်ပကုမ္မဏီများသည် ဘွဲ
့လက်မှတ်ကိုအဓိကမထားပဲ ထိုသူ၏လုပ်ရည်ကိုင်ရည်နှင့် ကိုယ်ကျင့်တရား၊ကြိုး
စားမှု တို့ ကိုသာကြည့်ရှု ကြပါသည်။ BE ,ME ဟူ၍ ဦးစားမပေးပါ။
ကျွန်တော်တင်ပြသည်ကို ချက်ချင်းမယုံပဲ EU ,အမေရိက နှင့် စင်္ကာပူ၊
ဂျပန်တို့ ရှိ သံရုံးများကိုစုံစမ်းခိုင်းကြည့်ပါ။)
                မြန်မာနိုင်ငံသားအင်ဂျင်နီယာများကို မြှင့်တင်လိုလျှင်
လက်တွေ့ စာတွေ့  အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများကို ဦးစွာ
စီစစ်မြှင့်တင်ပေးပြီး ၊နိုင်ငံသားများအတွက် လုံလောက်သော ကာကွယ်မှု
ဥပဒေထုတ်ပေးရန်သာရှိပါသည်။ ( နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်သင်
ကြားပေးသော ကျောင်းများမှအောင်မြင်ပြီး ထမင်းရှာဖွေစားသောက်သူများသည်
Proffessional Engineer  များဖြစ်ကြပါသည်။ ထိုသူများ
သည်လည်း  အရည်အသွေးအရ ထိုက်သင့်သည့် နေရာများတွင်သာ လုပ်ကိုင်နေကြရသူများ
ဖြစ်ကြပါသည်။ လုပ်ရည်ကိုင်ရည်နှင့် ကိုယ်ကျင့်တရား၊
ကြိုးစားမှု တို့ အရ  အထက် နှင့်အောက် ဆိုသည့်သတ်မှတ်ချက်မှာ
မည်သည့်နိုင်ငံသားနှင့်မဆို နေရာတိုင်းတွင်ရှိပါသည်။ အင်ဂျင်နီယာ
လုပ်ငန်း
တွင် မနိုင်သည့်ဝန်ကိုထမ်း၍ လည်း လိမ်ညာထမင်းရှာစား၍မရပါ။ ထိုသူများကို
ဥပဒေထုတ်၍  ချုပ်ကိုင်ကန့် သတ်စရာ အကြောင်းလုံးဝမရှိပါ။)
               တင်ပြလိုသည်မှာ အစိုးရအဆက်ဆက်၏ သမိုင်းသည်
ကောင်းချင်မှကောင်းပါလိမ့်မည်။ လေ့လာကြည့်လျှင် အစိုးရတွင် အပြစ်
မရှိပါ။ (အစိုးရသည် မိဘဖြစ်၍ နိုင်ငံသားများသည် သားသမီးဖြစ်သည်။
မည်သည့်မိဘကမျှ မိမိ၏အိုးအိမ်၊သားသမီးများကို ပျက်စီးအောင်မလုပ်
ကြပါ။အစိုးရအဖွဲ့ ဝင်များ၏ လုပ်ပိုင်ခွင့်ကိုအကာအကွယ်ယူ၍
လူတစ်ဦးတစ်ယောက်၊အဖွဲ့ အစည်းတစ်ခု၏ လုပ်ပိုင်ခွင့် ၊အကျိုးစီးပွားအတွက်
 အစိုးရကို မလိမ့်တပတ် အသုံးချခဲ့သူများတွင်သာ အပြစ်ရှိပါသည်
။ဥပမာအားဖြင့်- ပြည်သူလူထုအပေါ် မသမာသောနည်းလမ်းဖြင့် ငွေကြေး
အမြတ်ထုတ်သောဝန်ထမ်းများ၊လူကြီးများအတွက်ဟုအကြောင်းပြပြီး ကုမ္မဏီ
များအပေါ် ငွေကြေးရာခိုင်နှုန်းကောက်ခံပြီး၊မလိုသောကုမ္မဏီ
များအား နှိပ်ကွပ်သောအရာရှိ များအား ယနေ့ အထိမြင်တွေ့ နေရသော်လည်း
၊ထိုကိစ္စများကြောင့် ဘာမျှပင်မသိလိုက်ရသော ၀န်ကြီးအချို့ မှာ
တာဝန်ယူနှုတ်ထွက်ခဲ့ရပြီးဖြစ်သည်။)ယခုလည်းထိုပုံစံကို
အစပြုနေပြီဖြစ်ပါသည်။ ဥပဒေတစ်ရပ်ကို စေတနာအမှားဖြင့် မထုတ်ပြန်စေလိုပါ။
ထွက်ပြီးသားဆင်စွယ်သည် ပြန်ဝင်ရန် ခဲယဉ်းပါသည်။စေတနာအမှား ဆိုသော်လည်း
ပြန်ပြင်ရန် သိက္ခာများပေးဆပ်ရပါမည်။ နောင်တစ်ချိန်
တွင် ထိုဥပဒေပြဌာန်းခွင့်ပြုသူသည် တရားခံဖြစ်ပါလိမ့်မည်။
လူတန်းစားတစ်မျိုး၏ အကျိုးစီးပွား၊လုပ်ပိုင်ခွင့် အတွက် အခြားသူများ၏
ရိုးသား
ပြီး အ,ကုသိုလ်ကင်းသော ထမင်းရှာဖွေစားသောက်ခွင့်ကို ပိတ်ပင်လျှင်
တူသောအကျိုးပေးပါလိမ့်မည်။ ထိုကိစ္စအတွက်အစစ အရာရာ စီစဉ်
ပြီးဖြစ်နေပါကလည်း ပြန်လည်ပယ်ဖျက်ပေးရန်အနူးအညွတ် မေတ္တာရပ်ခံပါသည်။
                ( ထမင်းရှာဖွေစားသောက်ခွင့်ကို ချုပ်ကိုင်သော
ဥပဒေပြဌာန်းခြင်းသည်    မြန်မာနိုင်ငံသားအင်ဂျင်နီယာများအား
မြှင့်တင်ခြင်း
မဟုတ်ပါ။  မြန်မာနိုင်ငံသားအင်ဂျင်နီယာများအားအမှန်တကယ်မြှင့်တင်လိုပါက
လက်တွေ့ စာတွေ့  အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများကို
ခန့် ထားခြင်း၊မွမ်းမံသင်တန်းပေးခြင်း၊ပြည်ပသို့  ပညာတော်သင်စေလွှတ်ခြင်း
နှင့်  မြန်မာနိုင်ငံသားအင်ဂျင်နီယာများအား လုံလောက်သောကာကွယ်
မှုရရှိစေရန် ရင်နှီးမြှုတ်နှံသူများအား
သင့်တော်သည့်ဥပဒေထုတ်ပြန်ခြင်းသည်သာ အမှန်ကန်ဆုံးဖြစ်ကြောင်း
ထပ်မံတင်ပြပါသည်။ )
                အင်ဂျင်နီယာကောင်စီဥပဒေကြမ်းနှင့်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကို အသုံးချကာ လုပ်ပိုင်ခွင့်ချဲ
့ထွင်မည့်သူများကို တားဆီးခြင်း
ဖြင့် အစပြု၍ အစိုးရအဖွဲ့ ဝင်များ၏သားသမီးများသည် မိမိ၏ဖခင်အမည်ကို
လူအများကြားတွင် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုရဲပြီး ဂုဏ်ယူနိုင်သော
အဖြစ်သို့ ရောက်ရှိနိုင်ပါစေရန် ဆုတောင်းပေးပါသည်။
                မြန်မာနိုင်ငံတွင် ထိုကိစ္စထက်ပိုမိုအရေးကြီးသော
ကိစ္စများစွာရှိပါလိမ့်မည်။
       အစိုးရအဖွဲ့ အား(ကွယ်ရာတွင်လှောင်ရီရီ၍
)အသုံးချခြင်း၊ကင်းရှင်းကြပါစေ။
Wednesday, June 12, 2013
0 comments
please refer attach
Sunday, June 9, 2013
The Rihgt Time News သို့ (အိတ်ဖွင့်ပေးစာ)
1 comments
The Right Time News ၏ ဇွန်လ ၁၂ ရက်နေ့ထုတ် Vol _1, No_14 စာမျက်နှာ ၃၁ ပါ ဆောင်းပါးတွင် ဖော်ပြပါရှိချက်များအရ ဤစာကိုရေးသားရခြင်းဖြစ်ပါသည်။
ပြည်ပနိုင်ငံထုတ် မီဒီယာမှ သတင်းကိုပြန်လည်ဖော်ပြခြင်းဖြစ်သည်ဟုပါရှိပါသည်။ သတင်းတစ်ပုဒ်လုံး ခြုံငုံ ကြည့်လျင် ကာယကံရှင် ဦးအောင်သောင်း တစ်ဦးတည်းကိုသာ တိုက်ခိုက်ရေးသာထားသည်ကို တွေ့ရ ပါသည်။ သို့သော်လည်း သတင်းသေချာမှုရှိမရှိ လေ့လာစုံစမ်းမှုမပြုဘဲ ကာယကံရှင်အား ပုတ်ခတ်ရေးသား ထားမှန်း သိပါလျက် နှင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု သက်သက်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပါသည်။
အယ်ဒီတာအဖွဲ့၏ လူ့ကျင့်ဝတ်မစောင့်စည်းခြင်း၊ မီဒီယာလောက၏ လွတ်လပ်စွာရေးသားခွင့်ရရှိခြင်းအား လွဲမှားစွာအသုံးပြုခြင်းတို့ကြောင့် မည်သို့သော ထိခိုက်မှုများရှိမည်ဟုထင်ပါသနည်း။ မသိလျင် ပြောပါမည် -
(၁) လက်ရှိအဖွဲ့အစည်းအတွင်း အထင်အမြင်လွဲမှားစေပြီး အချင်းချင်းသံသဖြစ်ပွားကာ ယုံကြည်မှုအားနည်း လာနိုင်ခြင်း။
(၂) ကာယကံရှင်သည် သဘောထားတင်းမာသူ၊ နောက်ကြောင်းပြန်လှည့်ချင်သူ၊ အဓိကရုဏ်းများစွာကို ဦးဆောင်ကိုင်တွယ်သူအဖြစ် ပုံဖော်ထားပြီး နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အဓိက ဖျက်ဆီး နေသူဟု ဖော်ပြသည့်အတွက် ကာယကံရှင်နှင့် နိုင်ငံတော်၊ ပြည်သူများအကြား အခြေအနေအမှန်ကို ထဲထဲ ၀င်ဝင်မသိရှိမှုကြောင့် ယုံကြည်မှုကင်းမဲ့လာနိုင်သဖြင့် ကာယကံရှင်၏ ဂုဏ်သိက္ခာကို များစွာထိခိုက် စေခြင်း တို့ကို အကြမ်းဖျဉ်းအားဖြင့်တွေ့မြင်ရမည်ဖြစ်ပါသည်။
ကိုယ်ဖော်ပြသောသတင်းကို ကိုယ်တိုင် အပြည့်အစုံဖတ်ပြီးပြီဟု ယူဆပါသည်။ အယ်ဒီတာအဖွဲ့၏ လေ့လာမှု အားနည်းခဲ့သည်များကို ပြန်လည်ဖော်ပြပါမည် -
(၁) ဦးဝီရသူတရားဟောအပြီး အဓိကရုဏ်ဖြစ်ပွားကြောင်း ဖော်ပြထားခြင်းအား ဦးဝီရသူမှ အင်တာဗျူး တစ်ခုတွင် ဖြေကြားထားတာရှိပါသည်။ https://www.facebook.com/ven.wirathumsy?fref=ts မှာ သွားရောက်ဖတ်ရှုနိုင်ပါသည်။
(၂) ရခိုင်တွင် မသီတာထွေးကိုရက်ရက်စက်စက်သတ်ခြင်း၊ မိတ္ထီလာတွင် ဆရာတော် ဦးသောဘိတအား ရက်ရက်စက်စက်သတ်ခြင်း၊ လားရှိုးတွင် မအေးအေးဝင်းအား ဓါတ်ဆီလောင်းပြီးမီးရှို့ခြင်းများကြောင့် ဆူပူ အကြမ်းဖက်မှုများဖြစ်ပွားရခြင်းဖြစ်သည်ကို မသိရှိပါသလော။ အကြမ်းဖက်မှုများကို ဦးအောင်သောင်းမှ ကြိုးကိုင်သည်ဆိုပါက ကြိုက်သလိုစုံစမ်းနိုင်သည်။ ကာယကံရှင်အားမေးမြန်းလာပါကလည်း ဖြေဆိုပေးမည် ဖြစ်ပါသည်။
(၃) ဦးအောင်သောင်းသည် ဇနီးသည်၏ကျန်းမာရေးအခြေနေကြောင့်လည်းကောင်း၊ ကိုယ်တိုင်လည်း ကျန်းမာ ရေးအနည်းငယ်ချို့ယွင်းမှုကြောင့်လည်းကောင်း ယခင်ကကဲ့သို့ ခရီးမထွက်ခွာနိုင်တော့ပဲ မိမိအိမ်တွင်သာ ဇနီးသည်၏ ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်ပေးလျက်ရှိသည်။ ကြိုက်ရာနေရာမှ စုံစမ်းနိုင်ပါသည်။ အယ်ဒီတာအဖွဲ့ဖော်ပြထားသလို တစ်နိုင်ငံလုံးရှိ အကြမ်းဖက်မှုများကို ကြိုးကိုင်သည်ဆိုပါက ထိုအကြမ်းဖက်မှု များကို အိမ်မှထိုင်၍ကွပ်ကဲရန်မဖြစ်နိုင်ဆိုသည်ကို ရိပ်စားမိပါလိမ့်မည်။
အချုပ်ဆိုရလျင် မိမိတို့မီဒီယာ၏အာဘော်မဟုတ် အခြားမီဒီယာ၏အာဘော်ကို ထပ်ဆင့်ဖော်ပြသည်ဟု ဆိုရုံမျှဖြင့် ပြီးပါသလော။ မီဒီယာလွတ်လပ်ခွင့်ဟုဆိုလျင် ယခု ကျွန်တော်ရေးသောစာကို ဖြုတ်မပစ်ပါနှင့်။ အယ်ဒီတာအဖွဲ့၏ ဆိုရအယ်ဒီတာအဖွဲ့၏ အဆင်ခြင်မဲ့လုပ်ဆောင်မှုကြောင့် ကာယကံရှင်၏ဂုဏ်သိက္ခာညှိုးနွမ်းစေ ရသည်ကို လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါသည်။
Wednesday, June 5, 2013
အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်နေသော အမိန့်အာဏာအသုံးအနှုန်းတွေ တော်လောက်ပါပြီ အောင်ဇင်(ပုဇွန်တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
0 comments
  ကျွန်တော်သည် ဥပဒေသမား မဟုတ်ပါ။သို့သော် ပြည်သူ့ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါသည်။ ကျွန်တော်နားလည် သော ဥပဒေသည် နှစ်မျိုးသာရှိပါသည်။ ပထမတစ်မျိုးသည် ပြည်သူကို အကာအကွယ်ပေးသော ဥပဒေဖြစ်ပြီး  ဒုတိယတစ် မျိုးမှာ အုပ်ချုပ်သူကို အကာအကွယ်ပေးသော ဥပဒေသာ  ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဥပဒေကိုစဉ်းစားသည့် အခါ ပြည်သူကိုမျက်နှာမူ၍ ပြည်သူမျက်နှာရွှင်လန်းစေသော ဥပဒေများကိုသာ နှစ်သက်ထောက်ခံမည်သာ ဖြစ်သည်။ ကျွန်တော် ၂၀၁၀ ရွေးကောက်ပွဲဝင်စဉ်ကက ပြည်သူကို ရဲရဲကတိ ပြုခဲ့သည်မှာ  နှစ်ခုသာ ရှိပါသည်။ ၄င်းတို့မှာ ပြည်သူ့ အတွက် အကျိုးရှိမည့် ဥပဒေများကို ထောက်ခံပြီး ပြည်သူ့အတွက်အကျိုးမဲ့စေမည့်ဥပဒေများကို ကန့်ကွက်မည်ဟု ကတိပြု ခဲ့ပါသည်။ လွှတ်တော်ထဲရောက်သောအခါ လွှတ်တော်အသံ၊ ပြည်သူ့အသံ ဆိုသည့်အတိုင်း ပြည်သူ၏အသံများကို ဟစ်ကြွေးတောင်းဆိုခဲ့ပါသည်။ ၇၀%သော ပြည်သူများအတွက် ရသင့်သလောက်တော့ ရခဲ့ပါသည်။
          ကျွန်တော်လွှတ်တော်သက်တမ်း ၂နှစ်သားကျော်ကျော်သို့ရောက်သောအခါ အသံလှိုင်းများ၏ရှေ့တွင် အကာအရံ အခက်အခဲများ တွေ့လာရပါတော့သည်။ ဤသည်မှာလည်း စိန်ခေါ်မှုတစ်ခုအနေနဲ့ မှတ်ယူပါသည်။
          ဒီမိုကရေစီအသက်သည် ဥပဒေစည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်းများကို အချိန်နှင့်တပြေးညီ လိုက်နာကျင့်သုံး ခြင်းဟု နားလည်ပါသည် ။ ဒီမိုကရေစီ၏ပဲ့ကိုင်ရှင်ဖြစ်သော ဥပဒေပြုလွှတ်တော်သည်လည်း ပြည်သူများအတွက် အကာ အကွယ်ပေးသော ဥပဒေများကိုသာ ပြုသင့်သည်ဟုလည်း ယုံကြည်ပါသည်။ ထိုသို့ ဥပဒေပြုခွင့်ရသည့် လွှတ်တော်ကိုယ်စား လှယ်များတွင်လည်း ကိုယ်ပိုင်ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာပြောဆိုဆွေးနွေးမှုများ ရှိရမည်ဟုလည်း ယုံကြည် ပါသည်။ ထိုသို့ပြောဆိုလုပ်ဆောင်ရန်အတွက် ပြည်သူများက ကျွန်တော်တို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ပေးလိုက်သည်ဟုလည်း ခံယူပါသည်။ သို့ဖြစ်ပါသောကြောင့် ၂၀၁၃ ပြည်သူလွှတ်တော်ဆိုင်ရာနှင့် ပြည်သူ့လွှတ်တော်ဆိုင် ရာ နည်းဥပဒေအချို့ကိ ပြင်ဆင်ရပါတော့မည်။
          ကျွန်တော်ပြင်ဆင်သည်မှာ ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များထဲမှ အခန်း(၅)၊ အပိုဒ်(၁၉)၊ ပိုဒ်ခွဲ(က)တွင် ပါသော လွှတ်တော်ကို စည်းကမ်းသေ၀ပ်စေရန် တာဝန်ယူကြိးကြပ်ကွပ်ကဲခြင်းနှင့် ထိုသို့ ကြီးကြပ်ကွပ်ကဲ ရာ တွင် “မိမိချမှတ်သော အမိန့်များကို” တည်စေရန် လိုအပ်သော “အခွင့်အာဏာ” အပြည့်အ၀ ကျင့်သုံးခွင့်ရှိခြင်း ဆိုသ်ည့အပိုဒ် တွင် “အမိန့်၊ အခွင့်အာဏာအစား” “မိမိချမှတ်သောဆုံးဖြတ်ချက်မျာကို” တည်စေရန် လိုအပ်သာ “လုပ်ပိုင်ခွင့်များကို” ဥပဒေနှင့် အညီ အပြည့်အ၀ကျင့်သုံးခွင့်ရှိခြင်းလို့  ပြင်ဆင်ခဲ့ပါသည်။
          ထိုသို့ပြင်ဆင်ခြင်းမှာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေသော လွှတ်တော်ကြီးတွင် လွတ်လပ်စွာ ဆွေးနွေးခြင်း၊ ပွင့် လင်းမြင်သာမှုရှိခြင်းသည် အဓိကကျသောကြောင့် ဖြစ်ပါသည်။ အမိန့်အာဏာအောက်တွင် ဆွေးနွေးတင်ပြသည်ထက်  ဥပဒေစည်းမျဉ်းစည်းကမ်းများအောက်တွင် ဆွေးနွေးတင်ပြခြင်းသည် ဒီမိုကရေစီပိုကျလိမ့်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်၏ပြင်ဆင်ချက်ကို ထောက်ခံသူရှိပါက မတ်တပ်ရပ်ခိုင်းသောအခါ လွှတ်တော်တစ်ခုလုံးငြိမ်သွားပြီး  ကျွန်တော်နှင့် စမ်းချောင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း ပေါင်းနှစ်ဦးသာ မတ်တပ်ရပ်ခဲ့ပါသည်။ ဘယ်လိုဖြစ်သလဲ၊ ၀မ်းနည်းဖို့မကောင်းလား။
ကျွန်တော်ဥပဒေကြမ်းကော်မတီနှင့် ဆွေးနွေးစဉ်က “ဒီဥပဒေကို ပြင်ဆင်ဖြည့်စွက်ရတာက ပြည်သူတွေအတွက် ဒီမိုကရေစီလမ်းကြောင်းဖောက်မယ့်သူတွေက ကျွန်တော်တို့ရဲ့ လွတ်လပ်စွာဆွေးနွေးခွင့်တွေ ပျေက်သွားမယ်ဆိုရင် အများ ပြည်သူတွေကြားလို့မတော်ပါဘူး။ ဒီမိုကရေစီနှလုံးသားအခံနဲ့ စဉ်းစားတဲ့အခါ အာဏာရှင်ဆန်တဲ့ အတွေးအခေါ်၊ အသုံး အနှုန်းများက ကျွန်တော်ရဲ့ နှလုံးသားကို ကြမ်းရှရှ ဖြစ်စေပါတယ်”လို့ ပြောခဲ့ပါတယ်။
သို့ဖြစ်ပါ၍ ကျွန်တော် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့  အမိန့်အာဏာရဲ့အောက်မှာ သင်းသတ်ထားတဲ့ သစ်ပင်လိုနေရာမှာထက် ဥပဒေမူဝါဒရဲ့အောက်မှာ ဂုဏ်ရှိတဲ့ ၊ သိက္ခာရှိတဲ့ နေထိုင်နည်းနဲ့ တင့်တင့်တယ်တယ် ထည်ထည်ဝါ ၀ါ နေထိုင်လိုပါတယ်။
မှန်ပါတယ်။ ပြည်သူတို့ရဲ့ ပြည်သူ့လွှတ်တော်က ပြည်သူ့အသံသာ လွှမ်းသင့်ပါတယ်။အမိန့်အာဏာသံများကင်းစင်
သင့်ပါတယ်။  သို့မဟုတ်လျှင် အမြင်မတော် ဆင်တော်နှင့်ခလောက် ဖြစ်သွားပါလိမ့်မယ်ခင်ဗျား။
NEWS WATCH ဂျာနယ် ( ၁၇-၅-၂၀၁၃)
နိုင်ငံတော်သမ္မတကြီးသိရှိစေရန်
0 comments
နိုင်ငံတော်သမ္မတကြီးခင်ဗျားး
ပို့ဆောင်ရေးဝန်ကြီးဌာန၊မြန်မာ
နိုင်ငံရေကြောင်းပညာတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်မြို့နယ် သီလ၀ါတွင် တည်ရှိပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်
 နိုင်ငံတကာအဆင့်မှီ ရေကြောင်းပညာရှင်များကိုမွေးထုတ်ပေးလျက်ရှိသော တစ်ကျောင်းတည်းသောကျောင်းဖြစ်ပါသည်၊သို့သော်လည်း မြန်မာပြည်တွင် အဆင့်မြင့်ဆုံးကျောင်းဖြစ်ပါလျက်နှင့် အတွင်းပိုင်းတွင် ရှုပ်ထွေးလျက်ရှိကာ ရုံးလုပ်ထူံးလုပ်နည်းများအား မလိုက်နာမကျင့်သုံးပဲ အာဏာရှင်ဆန်ကာ အကျင့်ပျက် ခြစားလျက်ရှိသော ကျောင်းတစ်ကျောင်းဖြစ် နေသည်ကိုတင်ပြလိုပါသဖြင့် တိုင်ကြးတင်ပြရခြင်းဖြစ်ပါသည်၊ ၂၀၀၇၊၂၀၀၈ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန (စစ်ရာထူးခန့်ချုပ်ရုံး)မှ (ကကထူး)၏ အမိန့်ဖြင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် သင်ကြားရေးနှင့် စီမံရေးရာဌာနများသို့ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်ကြီးအဆင့်ထိ အငြိမ်းစား အရာရှိများ အား သင်ကြားရေးနှင့် အုပ်ချုပ်ရေးတာဝန်များ ထမ်းဆောင်ရန် စစ်ဘက်မှအရပ်ဘက်သို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်၊ ထိုသို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ချိန်မှ စတင်ကာ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် စတင်ထိတွေခဲ့ပါသည်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် အထက်ပိုင်း လူကြီးများ ဖြစ်သော ပါချုပ် ဒေါက်တာချာလီသန်းလက်ထက်တွင် အခြေအနေေ  တ်ာတော်ဆိုးရွားခဲ့ပါသည်၊ တက္ကသိုလ်စတင်တည်ထောင်ကာစဖြစ် သောကြောင့် နိုင်ငံတော်မှ အတိုင်းအဆမရှိ ဘက်ဂျက်များကို အခြေခံအဆောက်အဦးများ တည်ဆောက်ရန်နှင့် ကျောင်းသားများအတွက် ချထားပေးခဲ့ပါသည်၊ သို့သော်လည်း လိုအပ်သောနေရာတွင် အသူံးမပြုပဲ GOLDEN FLOWER COMPANY နှင့်ပူးပေါင်းကာ အဆင့်မမှီသော အရည်အသွေးမပြည့်ဝသော  ရေကူးကန်၊ ဘွဲ့နှင်း၊ အားကစားကွင်းနှင့်စာသင်ဆောင်များကို  နိုင်ငံတော်ထံမှကျပ်သန်းပေါင်းများစွားတင်တောင်းကာ တည်ဆောက်သည့်အခါ  အမြင်ကောင်းပြီးစံချီန်မမှီသော အဆောက်အဦးများ ကို ဈေးပေါပေါဖြင့်တည်ဆောက်ခဲ့ပါသည်၊ ယခုအခါတွင် အဆောက်အဦးများမှာကျောက်ပြားများကွဲအက်ကာ မိုးရွာလည်မိုးယို နံရံများမှာလည်း အက်ကြောင်းများလိုက်ကာ ဘယ်အချိန် ပြိုကြမလဲဘုရားတနေ၇ပါသည်၊ ယခင်ပါမောက္ခချုပ်ဒေါက်တာချာလီသန်းမှာ ၀န်ကြီးနှင့်ရင်းနှီးသဖြင့် ၀န်ကြီးအား တကယ့်ဘုရားသခင်ကဲသို့ ကိုးကွယ်နေပြီး အပေါ်ဖားကာ အောက်ခြေမှ စစ်ဘက်နယ်ဘက်အမှုထမ်းများကို ဖိနှိပ်ကာ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့ပါသည်၊ စစ်ဘက်မှ ပြောင်းရွေ့လာသည့်အငြိမ်းစားအရာရှိများကိုလည်း “မင်းတိုးတပ်ကကောင်တွေဘာလုပ်တက်လို့လဲ” “ဘာအရည်အချင်းရှိလို့လဲ” စသည်ဖြင့် စော်ကာူးခဲ့ပါသည်။ စစ်ဘက်မှ အရာရှိမျာိးကိုလည်း သူနှင့်အဆင်ပြေရင်ပြေသလို အမိန့်ကို လက်တင်ပေးကာ သူ့စိတ်ကြိုက် ချယ်လှယ်အသုံးချခဲပါသည်၊ ယခု အငြိမ်းစားယူပြီးနောက် သူ၏နေရာတွင် DMAမှ ပြောင်းရွေ့လာသော ဦးကျော်ဇေယျအား ဒုပါချုပ် (စီမံ)အဖြင့်တာဝန်ပေးခဲ့ပါသည်၊ဦးကျော်ဇေယျသည် ယခင်ကာလများက ဦးချာလီသန်းနှင့် တစ်ဦးနှင့်တစ်ဦးအဆင်မပြေဖြစ်ကာ ကျောင်း၏ကောင်းရာကောင်းကျိုးမကြည့်ပဲ ပညာမာနပြိုင်ကာ နေရာလုနေကြသူများဖြစ်ပါသည်၊ ဦးကျောာ်ဇေယျမှာ အသက် 60ပြည့်နေပြီဖြစ်သဖြင့် ခံစားခွင့်ကာလ 4လ တွင် ခံစားခွင့်မယူပဲ ကျောင်းတွင် အမျိုးမျိုးဒုက္ခပေးနေပါသည်၊ စစ်တပ်မကောင်းကြာင်းအား အမြဲ ပြောလေ့ရှိပြီး စစ်ဘက်မှ ပြောင်းရွေ့လာသော အရာရှိများကို ရာထူးနေရာမပေးပဲအမျိုးမျိုး ဖိနှိပ်အုပ်ချုပ်ကာ ပညာပေးလျက်ရှိပါသည်။ ရာထူးပေးကာနီးကြမှ အကြောင်းအမျိုးမျိုးပြကာ နေရာများကို ယခင်ခန့်ထားသော နေရာမှ ရာထူးမပေးချင်သောကြောင့် နေရာအား အမျိုးမျိုးပြောင်းရွေ့နေပါသည်။ယခု (8.5.2013)၇က်နေ့တွင်140000 -2000-15000တန်းဝင် ထူးနေရာပေးရာတွင် သတ်မှတ်ပညာအရည်အချင်း လုပ်သက်နှင့်ကိုက်ညီသူစစ်ဘက်မှ အရာရှိများကို နေ၇ာရာထူးမပေးပဲ သူနှင့်ပဏာစားသူများကိုသာ နေ၇ာပေးကာ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးရုံးသို့ တင်ပြလျက်ရှိပါသည်။သူအမြဲပြောသောစကားမှာ“သင်္ဘောကပတိန်လုပ်ခဲ့ရတာဟာ အသက်အန္တရယ်အင်မတန် နီးကပ်ကြောင်း မင်းတို့စစ်သားတွေထက်ပိုပြီး အသက်စွန့်ရကြောင်း”အမြဲပြောပါသည်။ ဒုတိယပါမောက္ခချုပ် (စီမံ)သင်္ဘောကပတိန် ဦးကျော်ဇေယမျမှာ  တက္ကသိုလ်၊ အင်ဂျင်နီယာရူပဗေဓဌာနမှ ဆရာမတစ်ဦး ဖြစ်သော လက်ထောက်ကထိကဒေါ်မေစိုးအောင်အား သူ့ရုံးခန်းထဲသို့ ခေါ်ပြီး လူမှုရေးဖောက်ပြန်မှူများကို လုပ်ဆောင်နေပါသည်။ သူတို့၏ဓတ်ပုံများကို လည်းပူးတွဲတင်ပြအပ်ပါသည်။ ဆရာမတာဝန်ကျရာ ဌာနသို့မသွားခိုင်းပဲ သူ့အခန်းခေါ်ယူပြီး သူ့ဘေးတွင် စားပွဲတစ်လုံးနှင့်ထိုင်ခိုင်းထားသည်မှာ ကြာပြီဖြစ်ပါသည်။ အဆိုပါကိစ္စများကို တက္ကသိုလ်တွင်စုံစမ်းနိုင်ပါသည်။ သူအား (စီမံ) အုပ်ချုပ်ရေးရာထူးပေးထားသော်လည်း တက္ကသိုလ်ဝန်ထမ်းအိမ်ယာတွင် ဆရာမနှင့်စာရေး တရားဝင်လက်မထပ်ပဲ Living together နေထိုင်ခြင်း၊ အရာရှိအမျိုသမီးနှင့် အောက်ခြေ၀န်ထမ်းများ လူမှုရေးဖောက်ပြန်နေသည်တို့အားအရေးမယူပဲ စစ်ဘက်မှပြောင်းရွေ့လာသော အရာရှိများအား သတ်မှတ်လုပ်သက်ပြည့်ပြီး အရည်အချင်းရှိသူများအား နေရာမပေးပဲအမျိုးမျိုးအလုပ်ကနေထွက်သွားအောင် ဖိနှိပ်အုပ်ချုပ်နေပါသည်။ သို့ဖြစ်ပါသောကြောင့် ဖော်ပြပါကိစ္စရပ်များအား နိုင်ငံတော်သမ္မတာကြီးမှ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးနိုင်ပါရန် နှင့်အဖြစ်မှန်အားဖော်ထုတ်စုံစမ်း ပေးနိုင်ပါရန် တိုင်ကြားတင်ပြလိုက်ပါသည်။
ရေကြောင်းတက္ကသိုလ်မှဝန်ထမ်းတစ်ဦး
Tuesday, June 4, 2013
(တိုင်စာ) ရပ်ကွက်အတွင်း အချိန်မတော် သီချင်းများအော်ဟစ်ဆူပူနေပါသဖြင့်
0 comments
လှည်းတန်း၊ ထန်းတစ်ပင် လမ်းရှိ ထန်းတစ်ပင် ဘုန်းကြီးကျောင်းအနီးတွင် ညဘက်
(1) နာရီခန်တွင် သီချင်းများ ဟော်ဟစ်သီဆိုကာ ရပ်ကွက်အတွင်း
ဆူပူသောင်းကြမ်းသဖြင့်အနီးအနားရှိ လူကြီး မိဘများ
အိပ်စက်အနားယူမရဖြစ်ရပါသည်။ ညတိုင်းလိုလိုဖြစ်နေခြင်းဖြစ်ပါသဖြင့်
သက်ဆိုင်ရာလူကြီး များ အနေနှင့် အရေးယူပေးပါရန် တင်ပြအပ်ပါသည်။